တဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို လျှောက်သွားသဖြင့် ဂါလိလဲအိုင်သို့ရောက်တော်မူ၏။ ထိုအခါ နားပင်း၍ စကားအသောသူတစ်ယောက်ကို အထံတော်သို့ဆောင်ခဲ့၍ သူ့အပေါ်မှာ လက်တော်ကိုတင်ပါမည်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင် လက်ညှိုးတော်ကို သူ၏နားပေါက်၌သွင်းတော်မူ၏။ တံတွေးနှင့်ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။ ထို့နောက်ကောင်းကင်သို့ကြည့်မျှော်၍ ညီးတွားသံကိုပြုလျှက် ဧဖသဟုမိန့်တော်မူ၏။ အနက်ကား ပွင့်စေဟု ဆိုလိုသတည်း… ထိုခဏခြင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပီပီ ပြောနိုင်၏… ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှါ သူတို့ကိုပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည် သာ၍ အလွန်သတင်းကြားပြောကြ၏။။ အတိုင်းထက်အလွန် မိန်းမောတွေဝေလျှက်ရှိ၍ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူပြီ… အသော သူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏….
ဤသည်ကား ခရစ္စတူးသခင်၏ မြတ်သော ဧ၀ံဂေလိ တရားတော်ပေတည်း..
အိုခရစ္စတူးသခင် ကိုယ်တော်အား ချီးမွမ်းထောပနာရှိပါစေ..
Type the rest of your post here.
နှစ်၏ ၂၃ ကြိမ်မြောက် တနင်္ဂနွေနေ့ .. မာကု ၇း၃၁-၃၇ ( 6.9.2009)
Posted by ခရစ္စတီနား at 6:37 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment