... ရှင်မာကုခရစ်ဝင်.... ၈း၂၇-၃၅
ယေဇူးသည် ဖိလိပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ် လမ်းခရီး၌လူများတို့သည် ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင် လူအချို့က ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည်ဟူ၍လည်းကောင်း အချို့က ဧလိယဖြစ်သည်ဟူ၍၄င်း.. အချို့က ပရောဖက်တပါးပါး ဖြစ်သည်ဟူ၍၄င်း ဆိုကြပါ၏ဟု လျှောက်ကြသော် သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင် ပေတရုက ကိုယ်တော်သည် ခရစ်တော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ .. ကိုယ်တော်၏အကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ တပည့်တော်တို့ကို ပညတ်တော်မူ၏။
ထိုမှတပါး လူသားသည် များစွာခံရမည်. လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း. အသေသတ်ခြင်းကို၎င်း၊ ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသောအကြောင်းများကို တပည့်တော်တို့အား ပြစ ပြုတော်မူ၏... ထိုသို့ အတည့်အလင်းပြတော်မူသောကြောင့် ပေတရုသည် ကိုယ်တော်ကို မိမိနှင့် အတူခေါ်၍ အပြစ်တင်သောစကားကို လျှောက်သော်.. ကိုယ်တော်သည်မျက်နှာတော်ကိုလှည့်၍ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ င့ါနောက်သို့ဆုတ်လော့၊ သင်သည်ဘုရားသခင်၏အရာကို စိတ်မစွဲလမ်း၊ လူတို့၏အရာကိုသာ စွဲလမ်းသည်ဟူ၍ ပေတရုကို ဆုံးမတော်မူ၏။။
ထိုအခါ တပည့်တော်တို့နှင့် ပရိတ်သတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ဆည်းကပ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ကိုယ်တော်ကိုငြင်းပယ်ရမည်... ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်.. အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏။ ထိုသူသည် အသက်ကိုရှုံးလိမ့်မည်.။။.
အကြင်သူသည် င့ါကြောင့်၎င်း.. ဧ၀ံဂေလိတရားကြောင့်၎င်း အသက်ရှုံး၏..ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်...
ဤသည်ကား ခရစ္စတူးသခင်၏ မွန်မြတ်သော ဧ၀ံဂေလိတရားတော်ပေတည်း..
အိုခရစ္စတူးသခင် ကိုယ်တော်အားချီးမွမ်းထောပနာ ရှိပါစေ...
Type the rest of your post here.
ဒီတစ်ပတ် တနင်္ဂနွေနေ့ကျမ်းစာ
Posted by ခရစ္စတီနား at 8:40 AM
Labels: နေ့စဉ်ကျမ်းစာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment