ဒီနေ့အတွက်
ဧ၀ံဂေလိကျမ်းစာလေးပါ.. ( ပထမကျမ်း - ဗျာဒိတ်ကျမ်း ၁၁း၁၉၊ ၁၂း၁-၆၊၁၀ နဲ့ ဒုတိယကျမ်းစာ- ၁ကော ၁၅း၂၀-၂၇ ထိ ကိုတော့ ပို့စ်မှာ မတင်ဖြစ်တော့ပါဘူး.. )
ရှင်လုကာခရစ်ဝင် ၁း၃၉-၅၆
ထိုအခါ မာရိသည်ထ၍ တောင်ကြားအရပ်၌ရှိသော ယုဒမြို့တစ်မြို့သို့ အလျင်အမြန်သွားပြီးလျှင်၊ ဇာခရိအိမ်သို့ဝင်၍ ဧလိဇဘက်ကိုနှုတ်ဆက်လေ၏။ ထိုနှုတ်ဆက်ခြင်းစကားကို ဧလိဇဘက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျှက်၊ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။ သင်၏၀မ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏။ အကျွန်ုပ်သခင်၏မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။ သင်၏နှုတ်ဆက်ခြင်းစကားသံကို ကျွန်ုပ်ကြားစဉ်တွင် အကျွန်ုပ်ဝမ်းတွင်း၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့်ခုန်၏။ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသောအသံနှင့် မြွက်ဆို၏။
မာရိကလည်း ငါ့စိတ်နှလုံးသည် ထာဝရဘုရားကိုချီးမွမ်း၏။ ငါ့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို အမှီပြု၍ငါ့ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ အကြောင်းမူကား မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်တော်မူပြီး နောင်ကာက၌ ခပ်သိမ်းသော လူအစဉ်အဆက်တို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်။ တန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသည် အံ့ဘွယ်သော ကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီး ထိုဘုရား၏နာမတော်သည် ရိုသေဘွယ်ဖြစ်တော်မူ၏။ ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့သည် သနားတော်မူခြင်းကျေးဇူးကို အစဉ်မပြတ်ခံစားကြ၏။ လက်ရုံးတော်အားဖြင့် တန်ခိုးကိုပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။ ဘုရင်တို့ကို ရာဇပလ္လင်ပေါ်မှ ချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ။ ငတ်မွတ်သောသူတို့ကို ကောင်းမွန်စွာ ကျွေး၍ ရတတ်သောသူတို့ကို လက်ချည်းလွှတ်လိုက်တော်မူပြီ။ ငါတို့ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့်အညီ အာဗြဟံမှ စသော သူ၏ အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော်ကို အစဉ်အမြဲပြုခြင်းငှါ သတိထား၍ မိမိကျွန်ဣသရေလကို မစတော်မူပြီဟုဆို၏။ မာရိသည်လည်း ဧလိဇဘက်ထံမှာ သုံးလခန့်နေပြီးမှ မိမိအိမ်သို့ပြန်လေ၏။
အိုခရစ္စတူးသခင် ကိုယ်တော်အားချီးမွမ်းထောပနာရှိပါစေ...
ဘုရားသခင်အား ကျေးဇူးတင်ပါသည်။

0 comments:
Post a Comment