Etiam placerat

Encuesta

Search This Blog

နံနက်မေတ္တာ

နေ့စဉ်နံနက်ဆိုအပ်သော ဆုတောင်းမေတ္တာများ

ခမည်းတော် သားတော် သန့်ရှင်းသောဝိညာဉ်တော်၏ နာမတော်မြတ်နှင့် အာမင်။

သန့်ရှင်းသော ၀ိညာဉ်တော်ကို ဖိတ်ခေါ်ခြင်းမေတ္တာ
V- အို...သန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဘုရား ကြွလာတော်မူပါ။
P- ဘာသာတူအပေါင်းတို့၏ နှလုံးကိုပြည့်ဝစေတော်မူ၍ ချစ်လေးမြတ်ခြင်းမီးလျှံဖြင့်လည်း ထွန်းတောက်စေတော်မူပါ။
V- ၀ိညာဉ်တော်မြတ်ကို စေလွှတ်သဖြင့် ဘာသာတူတို့၏ ၀ိညာဉ်တို့သည် သန့်ရှင်းဖြူစင်ခြင်းသို့ ရောက်ပါလိမ့်မည်။
P- မြေမျက်နှာပြင်သည်လည်း အသစ်ပြုပြင်ခြင်းသို့ ရောက်ပါလိမ့်မည်။

ဆုတောင်းကြစို့
သန့်ရှင်းသောဝိညာဉ်တော်၏အလင်းကျေးဇူးတော်အားဖြင့် ဘာသာတူအပေါင်းတို့ကို သွန်သင်တော်မူပေသော အိုမြတ်စွာဘုရားသခင် ၄င်းဝိညာဉ်တော်အားဖြင့် ဖြောင့်မှန်ရာကိုနှစ်သက်၍ သာယာချမ်းသာခြင်းကိုခံစားအံ့သောငှါ ကျွန်ုပ်တို့သခင်ယေဇူး၏ ကုသိုလ်တော်အကျိုးဆက်ကို ထောက်တော်မူ၍ အကျွန်ုပ်တို့အား ကယ်မသနားတော်မူပါ။ အာမင်။


ခမည်းတော် သားတော် သန့်ရှင်းသောဝိညာဉ်တော်အား ဘုန်းတော်ဂုဏ်တော်ရှိပါစေ။
အစအဦးက ဘုန်းတော်ဂုဏ်တော်ရှိသည့်အတိုင်း ယခုမှစ၍ ကမ္ဘာအဆက်ဆက်ရှိပါစေ။

ကိုးကွယ်ခြင်းမေတ္တာ
အထူးသဖြင့် မြင့်မြတ်တော်မူလှသော ခမည်းတော် သားတော် သန့်ရှင်းသောဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါး တစ်ဆူဘုရားကို ဤနေရာ၌ အမှန်ရှိတော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ခြင်းရှိပါ၏။ စိတ်နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို ချစ်မြတ်နိုး၍ ရိုသေစွာ ဦးချရှိခိုးပါသည်။ အကျွန်ုပ်ကို ဖန်ဆင်း၍ ဟုတ်မှန်သော တရားအလင်းတော်သို့ပို့ဆောင်ခြင်း ဤညဥ့်၌ ကိုယ်လက်မကွာ ထားတော်မူခြင်းကျေးဇူးတို့ကို အဘယ်သို့ဆပ်တင်နိုင်ပါမည်နည်း။ ဤနေ့တွင် ကျင့်ကြံလုပ်ဆောင်သမျှကို ကိုယ်တော်အားပူဇော်ပါသည်။ အပြစ်ဒုစရိုက်မှ လွတ်ကင်းစေတော်မူပါမည့်အကြောင်းနှင့် ဘေးရန်အပေါင်းမှ ကာကွယ်စောင့်ရှောက်တော်မူပါမည့်အကြောင်းကို အကျွန်ုပ်သည် ညွတ်တွားစွာ အသနားတော်မြတ်ခံပါသည်ဘုရား.။။

နေ့စဉ်နံနက်ပူဇော်ခြင်းမေတ္တာ
အို....သခင်ယေဇူးရွှေနှလုံးတော် ဤနေ့၌ ကျွန်ုပ်လုပ်အံ့သမျှ၊ ကြံအံ့သမျှ၊ ခံရအံ့သမျှသော ဒုက္ခများများနှင့် ပို့အံ့သမျှသော ဆုတောင်းမေတ္တာများကို ရွှေစိတ်အကြံတော်နှင့် တလုံးတ၀တည်းထားပြီးလျှင် သန့်ရှင်းစင်ကြယ်သော မယ်တော်၏နှလုံးတော်ကို အမှီပြုလျှက် ကိုယ်တော်အားတင်ပူဇော်ပါသည်။ အာမင်။

သခင်ယေဇူးစီရင်ထားတော်မူသောမေတ္တာ
ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော်မူသော ကျွန်ုပ်တို့အဘ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော...ကိုယ်တော်၏ နိုင်ငံတော်သည်ရောက်ပါစေသော.. ကောင်းကင်ဘုံ၌ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏အလိုတော်သည် ပြည့်စုံပါစေသော. နေ့စဉ်မပြတ် အလိုရှိအပ်သောအရာအစားတို့ကို ကျွန်ုပ်တို့အား ယနေ့၌ပင် ပေးသနားတော်မူပါ... ကျွန်ုပ်တို့ကို ထိခိုက် ကျူးလွန်သော သူတို့အား ကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ.. နှောင့်ယှက်ခြင်းအမှုတို့၌ ကျွန်ုပ်တို့ကိုပါဝင်ခြင်းမရှိစေပဲလျှက် မကောင်းဟူသမျှနှင့် ကင်းလွတ်စေတော်မူပါ.. အာမင်။။။

သိကြားတမန်တော်က မာရီယားအား နှုတ်ဆက်ခြင်းမေတ္တာ
ဂုဏ်ကျေးဇူးတော်နှင့်ပြည့်စုံတော်မူသော မာရီယား သခင်မအား မင်္ဂလာဖြစ်စေသတည်း... ဘုရားသခင်သည် သခင်မ၌ ကျိန်းဝပ်တော်မူ၍ မိန်းမတကာတို့တွင် သခင်မသည် မွန်မြတ်တော်မူသည်။ .. သခင်မ၏၀မ်းတော်၌ ပဋိသန္ဓေ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓယူတော်မူသော ယေဇူးသည်လည်း မွန်မြတ်တော်မူသည်။...
မြတ်စွာဘုရား၏မယ်တော် သန့်ရှင်းသောမာရီယား ယခုမှစ၍ သေခါနီးတွင် အပြစ်ရှိသူ ကျွန်ုပ်တို့ အဖို့ငှါဆုတောင်းတော်မူပါ.. အာမင်။။

တပည့်ကြီးသံဃာတော်တို့ စီရင်ရေးထားကြသော ယုံကြည်ခြင်းအချုပ်
အားလုံးစုံကို တတ်နိုင်တော်မူထသော မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော ခမည်းတော်ဘုရားကို ယုံကြည်လေးမြတ်ခြင်း ရှိပါ၏။။ ခမည်းတော်၏တပါးတည်းသော သားတော်ယေဇူးခရစ္စတူး ကျွန်ုပ်တို့၏သခင်သည် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ပဋိသန္ဓေ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ ယူတော်မူ၍ ကညာမာရီယားမှ ပေါက်ဖွားတော်မူသည်.. ပုံစီဦး ပီလာတူးမင်း လက်ထက်.. ဒုက္ခစရိယာကျင့်ခံတော်မူ၍ တံကျင်၌ သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သင်္ဂြိုဟ်သည်။ အောက်နိမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယနေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့တက်တော်မူ၍ အားလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လကျာ်ဘက်မှာ ထိုင်၍နေတော်မူသည်။ ထိုမှ ရှင်သူသေသူလူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို၎င်း.. သန့်ရှင်းသောကာသိုလိပ်အသင်းတော်ကို၎င်း... သူတော်သူမြတ်အပေါင်းတို့သည် တလုံးတ၀တည်းဖြစ်၍ အချင်းချင်း အကျိုးကုသိုလ်တို့ကို ခံစားရကြောင်း ... အပြစ်ဟူသမျှကို လွှတ်ကြောင်း .. ကိုယ်ခန္ဒာရှင်ပြန် ထမြောက်တော်မူမည့်အကြောင်းတို့ကိုလည်း ယုံကြည်လေးမြတ်ခြင်း ရှိပါ၏.... ။။ အာမင်။။။

ယုံကြည်ခြင်းမေတ္တာ
မှားယွင်းခြင်းနှင့်ကင်း၍ သစ္စာသမာဓိနှင့် ပြည့်စုံတော်မူသော အို... မြတ်စွာဘုရားသခင် ကိုယ်တော်၏ဗျာဒိတ်တော်နှင့်အညီ သန့်ရှင်းသော ကက်သလစ်အသင်းတော် သွန်သင်သမျှကို တည်မြဲစွာ အကျွန်ုပ်ယုံကြည်ခြင်း ရှိပါသည်။။။ အာမင်... ။။

မျှော်လင့်ခြင်းမေတ္တာ
အားလုံးစုံကိုတတ်နိုင်တော်မူသော အနန္တကရုဏာသနားခြင်းနှင့် ပြည့်စုံတော်မူသော ထားတော်မူရာ ကတိတော်၌လည်း အမြဲတည်တော်မူသော အို... မြတ်စွာဘုရားသခင်။ ယေဇူးခရစ္စတူးသခင်၏ ကုသိုလ်တော်အကျိုးဆက်ကို ထောက်၍ ကျူးလွန်မိသော အပြစ်တို့၏ အခွင့်ချမ်းသာကို၎င်း.. ယခုဘ၀၌ ကိုယ်တော်၏ကျေးဇူးတော်ကို၎င်း... ကိုယ်တော်၏ပညတ်တော်တို့ကို စောင့်ထိန်းပါမူ နောင်ဘ၀၌ ထာဝရချမ်းသာကို ရပါမည့်အကြောင်း အကျွန်ုပ်တောင့်တမျှော်လင့်ခြင်း ရှိပါသည်။......

ချစ်လေးမြတ်ခြင်းမေတ္တာ
အို.. မြတ်စွာဘုရားသခင်.. ကိုယ်တော်သည် အတိုင်းမသိ ကောင်းမြတ်တော်မူ၍ ဂုဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောကြောင့် နှလုံးအကြွင်းမဲ့ ကိုယ်တော်ကို အရာခပ်သိမ်းတို့ထက် ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။ သူတစ်ပါးကိုလည်း ကိုယ်တော်၏ ရွှေမျက်နှာတော်ကို ထောက်၍ ကိုယ်ရှင်ကဲ့သို့ ချစ်ခင်မြတ်နိုးခြင်းရှိပါသည်။.. အာမင်။။

မြတ်စွာဘုရားရှင်၏ ပညတ်တော်သည် (၁၀) ပါးတည်း..
၁.။ ဘုရားတစ်ဆူအပြင် မည်သည့်အရာသတ္တ၀ါကို ဘုရားအမှတ်နှင့် ကိုးကွယ်ခြင်းကို မပြုလင့်။။
၂.။ ဘုရားရှင်၏နာမတော်မြတ်ကို မရိုမသေ သုံးဆောင်ခြင်းကို မပြုလင့်။။
၃.။ ဘုရားရှင်၏ သီတင်းပွဲနေ့တို့ကို စောင့်လော့။။
၎.။ မိဘတို့အား ရိုသေခြင်းကို ပြုလော့။
၅.။ လူ၏အသက်ကို သတ်ပုတ်ခြင်းကို မပြုလင့်။
၆.။ ကာမဂုဏ်အမှု၌ ကျူးလွန်ခြင်းကို မပြုလင့်။
၇.။ သူ၏ပစ္စည်းဥစ္စာကို ခိုးယူခြင်း မပြုလင့်။
၈.။ မုသားသက်သေခံခြင်းကို မပြုလင့်။
၉.။ သူ၏သားမယားကို တပ်စွမ်းခြင်း မရှိစေလင့်။
၁၀.။ သူ၏ပစ္စည်းဥစ္စာကို လိုချင်သော လောဘစိတ် မရှိစေလင့်။

အသင်းတော်၏ကျင့်ဝတ်တော်သည် (၆) ပါးတည်း..
၁။ တနင်္ဂနွေနှင့် ဘာသာဝတ္တရားပွဲနေ့တို့၌ မစ္ဆားတရားတော်မြတ်ကို နာယူကုန်လော့..။
၂။ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် အာပတ်ဖြေကုန်လော့။
၃။ ပါစကားပွဲကာလ၌ ကိုယ်တော်မြတ်ကို ပင့်ယူကုန်လော့..။
၎။ ၀ါရှောင်ခြင်း အသားရှောင်ခြင်း ပြုရမည့်နေ့တို့ကို စောင့်လော့...။
၅။ ရဟန်းသံဃာတော်တို့အား ထောက်ပံ့ကူညီခြင်းကို ပြုလော့...။
၆။ လက်ထပ်ထိမ်းမြားခြင်းပွဲအမှု မပြုအပ်သည့် ကာလနေ့တို့၌ ရှောင်ကုန်လော့.။.

မိုးသောက်၊ မွန်းတည့်၊ ညဥ့်ဦးယံတို့၌ နေ့စဉ်သုံးကြိမ် ဆိုအပ်သော မေတ္တာ
V. ဘုရားသခင်က စေလွှတ်တော်မူသော သိကြားမင်းသည် မာရီယားအား အမိန့်တော်ကိုပြန်တော်မူပြီ..။
R. သခင်မသည်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓ္ဓစွဲတော်မူပြီ..။ ( အာဝေမာရီးယား)
V. အကျွန်ုပ်ကား ဘုရားသခင်၏ကျွန်မတည်း..
R. ကျွန်မ၌ အမိန့်တော်အတိုင်း ဖြစ်ပါစေသောဝ်...။ ( အာဝေမာရီးယား)
V. နှုတ်ကပါတ်တော်သည်လည်း လူပကတိအဖြစ်ကို ယူတော်မူပြီ။
R. အကျွန်ုပ်တို့တွင်လည်း ထင်ရှားစွာအာရုံခံ၍ နေတော်မူပြီ...။ ( အာဝေမာရီးယား)
V. ဘုရား၏သန့်ရှင်းသောမယ်တော် ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ..။
R. အကျွန်ုပ်တို့သည်လည်း ခရစ္စတူး၏ ကတိတော်အတိုင်း ခံထိုက်ပါလိမ့်မည်။

ဆုတောင်းကြစို့...

အို... ဘုရားသခင် သိကြားကအမိန့်တော်ပြန်၍ သားတော်မြတ်သခင်ယေဇူးသည် လူပကတိအဖြစ်ကို ယူတော်မူပြီးသော ၀မ်းမြောက်စရာသတင်းကို ကြားသိရသော အကျွန်ုပ်တို့သည် ကိုယ်တော်၏ ဒုက္ခစရိယာမှ စ၍ ကရူးစူး၌ အသေခံတော်မူခြင်း.. တန်ခိုးတော်အားဖြင့် ထမြောက်ခြင်း၏ ဂုဏ်ကျေးဇူးတော်သို့ ရောက်ထိုက်အောင် အကျွန်ုပ်တို့စိတ်ထဲ၌ သွင်းတော်မူပါဟူ၍ သခင်ယေဇူးကို အမှီပြု၍ လျှောက်ပန်ပါသည်..။။ အာမင်..။

မိုးသောက်၊ မွန်းတည့်၊ ညဥ့်ဦးယံတို့၌ ပါစကားအချိန်ကာလတွင် နေ့စဉ်သုံးကြိမ် ဆိုအပ်သော မေတ္တာ

တိုင်.. ကောင်းကင်ဘုံ၏ဘုရင်မ ပျော်မွေ့ရွှင်လန်းခြင်း ရှိပါလော့.. (အာလေလူယာ)
လိုက်.. အကြောင်းမူကား သခင်မ ပွေ့ပိုက်တော်မူထိုက်သော အရှင်သည် .. (အာလေလူယာ)
တိုင်.. မိန့်တော်မူသည့်အတိုင်း ရှင်ပြန်တော်မူပြီ..(အာလေလူယာ)
လိုက်.. ဘုရားရှင်ကို ကျွန်ုပ်တို့အဖို့ငှါ ဆုတောင်းတော်မူပါ.. (အာလေလူယာ)
တိုင်.. ကညာမာရီယား ၀မ်းမြောက်ရွှင်လန်းခြင်းရှိပါလော့.. (အာလေလူယာ)
လိုက်.. အကြောင်းမူကား သခင်သည် အဟုတ်အမှန် ရှင်ပြန်တော်မူပြီ..(အာလေလူယာ)

ဆုတောင်းကြစို့...
အကျွန်ုပ်တို့၏သခင်ဖြစ်တော်မူသော ယေဇူးခရစ္စတူး၏ ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့် လူအပေါင်းတို့ကို ၀မ်းသာဝမ်းမြောက် စေတော်မူပေသော အို..မြတ်စွာဘုရားသခင်.. သားတော်၏မယ်တော် သီလရှင်မာရီယား၏ စောင်မတော်မူခြင်းဖြင့် ထာဝရအသက်၏ ချမ်းသာဝမ်းမြောက်ရာသို့ ရောက်ထိုက်ပါမည့်အကြောင်း သခင်ယေဇူးကို အမှီပြု၍ တောင်းလျှောက်ပါသည်.. အာမင်....။။

ကိုယ်စောင့်သိကြားအားပြုအပ်သည့်မေတ္တာ
ဘုရားရှင်က အမိန့်တော်ရှိ၍ ကျွန်ုပ်ကိုစောင့်သောသိကြား အကျွန်ုပ်အား နေ့ညမပြတ် ဆုံးမသွန်သင် ကြည့်ရှုစောင်မတော်မူပါ.. အာမင်....






1 comments:

Unknown said...

Thank you
God Bless You Always

 
Customize