ဤအိမ်လေးသို့လာရောက်ကြသော ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်..
ပထမဦးစွာ ဤဘလော့လေးဖြစ်မြောက်အောင် ခွန်အားကျေးဇူး အလင်းကျေးဇူးများကို ပေးသနားတော်မူသော အဖဘုရားသခင်ကို အထူးကျေးဇူးတင်ပါတယ်။
နောက်တစ်ဦးကတော့ ဤအိမ်လေးကို စိတ်ရှည်ရှည်နဲ့ တည်ဆောက်ပေးတဲ့ ကိုမိုးသောက်ပဲဖြစ်ပါတယ်။ သူ့အပေါ်မှာလည်း ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာများသက်ရောက်ပြီး လိုရာဆန္ဒတစ်လုံးတ၀ ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်..
လာရောက်ကြသော ညီအစ်ကို မောင်နှမ သူငယ်ချင်း မိတ်ဆွေ များအားလုံးလည်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပြီး ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာများသက်ရောက်ပါစေရှင်.....
ပထမဆုံးအကြိမ်လုပ်တာဖြစ်တဲ့အတွက် အားလုံးရဲ့ အကြံပေးချက်များကို နွေးထွေးစွာ ကြိုဆိုပါတယ်.. ကောင်းမယ်လို့ထင်တာလေးတွေကို မည်သူမဆို လွတ်လပ်စွာအကြံပေးနိုင်ပါတယ်..
ဤဘလော့လေးဖြစ်မြောက်အောင် ၀ိုင်းဝန်းကူညီအားပေးခဲ့ကြသော သူငယ်ချင်းများအားလုံးကိုလည်း အထူးပဲကျေးဇူးတင်ပါတယ်... အကောင်းဆုံးဆက်လက်ရှင်သန်နိုင်အောင်လည်း အဘက်ဘက်မှ ကူညီပေးကြပါလို့ ............
ခရစ်တော်၏နာမတော်မြတ်၌
ခရစ္စတီနား
ကျေးဇူးအထူးတင်ရှိခြင်း
Posted by ခရစ္စတီနား at 1:33 AM
Labels: ကျေးဇူးတင်ရှိခြင်း
Subscribe to:
Post Comments (Atom)
1 comments:
အမြဲထာဝရ ပျော်ရွှင် ချမ်းမြေ့ပါစေ ခရစ္စတီနားရေ .. :)
Post a Comment